မြန်မာနိုင်ငံမှာ နိုင်ငံခြားဘဏ်တချို့ မကြာခင် လာရောက် ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ ပြည်တွင်းဘဏ်တွေနဲ့ နိုင်ငံခြားဘဏ်တွေ လုပ်ပိုင်ခွင့် တပြေးညီရှိသင့်သလား၊ အစိုးရက ဘယ်လို ဘဏ်လုပ်ငန်း မူဝါဒတွေ ချမှတ်သင့်ပါသလဲ၊ ဗဟိုဘဏ်ရဲ့ လုပ်ပိုင်ခွင့်တွေက ဘာတွေလဲ... ဆိုတာတွေနဲ့ ပတ်သက်ပြီး အာရှစိမ်းလန်းဖံ့ွဖြိုးရေးဘဏ် မန်နေးဂျင်းဒါရိုက်တာဟောင်း- ဘဏ်လုပ်ငန်းပညာရှင် ဦးရဲမင်းဦးက ရှင်းပြထားပါတယ်။