ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ်များဆွေးနွေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်နယ်-တိုင်းများမှ လူငယ်များတွေ့ဆုံပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ဖေဖော်ဝါရီလ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ ကျင်းပခဲ့ပါတယ်။

လူငယ်တွေက သူတို့ သိလိုတဲ့ လက်ရှိ နိုင်ငံရေး၊ လူငယ်ကွန်ယက်ကိစ္စ၊ ဥပဒေ၊ ပညာရေး၊ လူမှုရေး၊ ပြည်ထောင်စုကိစ္စ၊ စတာတွေကို မေးမြန်းခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး နဲ့ ဦးဉာဏ်ဝင်းတို့က ပြန်လည် ဖြေကြားခဲ့ပါတယ်။