ရခိုင်ပြည်နယ် မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေမှာ အကြမ်းဖက်တိုက်ခိုက် ခံခဲ့ရတဲ့နေရာ တွေကို သွားရောက်လေ့လာခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်နဲ့ နိုင်ငံတကာ သံတမန်အဖွဲ့ဟာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့နဲ့ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။
အဲဒီတွေ့ဆုံပွဲကိုတက်ရောက်ခဲ့တဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ်မေးမြန်းထားပါတယ်။
