သုမင်္ဂလာပန်းခြံမှာထားမယ့် ဗိုလ်ချုပ်ကြေးရုပ်

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ် သုမင်္ဂလာပန်းခြံမှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ထားရှိမယ့် မြေနေရာကို တိုင်းအစိုးရက ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ ကြေးရုပ်ထားဖို့ မြေနေရာ ရပြီဖြစ်တာကြောင့် ကြေးရုပ် တည်ဆောက်ဖို့ ဆက်လက် လုပ်ဆောင်သွားမယ့်အကြောင်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖြစ်မြောက်ရေး ကေ်ာမတီဝင်တွေက နိုဝင်ဘာလ (၂) ရက် ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။