ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် အမှတ် ၂ မဲဆန္ဒနယ်၊ မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုးရေးရာ မဲဆန္ဒနယ်၊ ရှမ်းပြည်နယ် လဲချားမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် နဲ့ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၂ တို့က မဲဆန္ဒရှင်တွေ၊ ကိုယ်စားလှယ်လောင်းတွေ ပြောပြတဲ့ ဒီနေ့ ကြားဖြတ်ရွေးကောက်ပွဲနေ့ အခြေအနေကို RFA သတင်းထောက် မဇင်မာဝင်းက တင်ပြပါမယ်။