ပြည်သူ့ဘက်က ရပ်တည်ခဲ့တဲ့ ရဲတပ်သားတစ်ဦး

2021-11-25
Share

စစ်ကိုင်းတိုင်း ကလေးမြို့က ကိုဇော်မျိုးထွဋ်ဟာ ရဲတပ်ရင်း (၃) က တပ်သားတစ်ဦးဖြစ်ပါတယ်။ သူဟာ ၂၀၂၁ ခုနှစ် မတ်လကစလို့ သူတာဝန်ကျရာ တပ်ရင်းကို စွန့်ခွာပြီး အာဏာရှင်ဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ပြီး ပြည်သူတွေနဲ့ တသားတည်း ရပ်တည်ခဲ့ပါတယ်။ အဲဒီနောက် ကိုဇော်မျိုးထွဋ်ဟာ ကလေးမြို့နယ် သာစည်ကျေးရွာက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ပူးပေါင်းခဲ့ပါတယ်။

စက်တင်ဘာလမှာတော့ စစ်ကောင်စီတပ်တွေ သာစည်ရွာကို ဝင်ရောက်စီးနင်းမှုမှာ ကိုဇော်မျိုးထွဋ် အဖမ်းခံခဲ့ရပြီး သတ်ဖြတ်ခံခဲ့ရပါတယ်။ အပြည့်အစုံကို မခင်မိုးညို တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့