တရုတ်ကုမ္ပဏီက မြေယာလျှောက်ထားမှုကို ကန့်ကွက်

ရခိုင်ပြည်နယ် ကျောက်ဖြူကနေ တရုတ်နိုင်ငံ ကူမင်းမြို့ကို သွယ်တန်းထားတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတလျှောက်က မြေယာတွေကို တရုတ်ကုမ္ပဏီတစ်ခုက “အခြားမြေယာ” အဖြစ် သုံးစွဲခွင့် လျှောက်ထားတာကို မကွေးတိုင်းအတွင်း ပိုက်လိုင်းဖြတ်သန်းသွားတဲ့ ဒေသက တောင်သူတွေက ကန့်ကွက်လိုက်ပါတယ်။

မကွေးအခြေစိုက် RFA သတင်းထောက် ကိုဇော်တူးက တင်ပြထားပါတယ်။