တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး သတိထားသင့်ကြောင်း လေ့လာသူတချို့ သတိပေး

တရုတ် နဲ့ မြန်မာ သံတမန်ဆက်ဆံရေးစတင်လာခဲ့တာ အခု နှစ် ၇ဝ ပြည့်လာခဲ့ပါပြီ။ နေပြည်တော်မှာ ဒီသီတင်းပတ်မှာကျင်းပမယ့် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်တဲ့ နှစ် ၇ဝ ပြည့် အခမ်းအနားကိုတက်ရောက်ဖို့ တရုတ်သမ္မတ ရှီကျင်းပင်လည်း မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပါတယ်။ ဒီအချိန်မှာ တရုတ်- မြန်မာဆက်ဆံရေး အခြေအနေဘယ်လိုရှိနေပါသလဲ။

မြန်မာ့အရေးလေ့လာသူတွေကတော့ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာကို သတိထားသင့်တယ်လို့ သတိပေးကြပါတယ်။ တရုတ်-မြန်မာ အနှစ် ၇ဝ ကာလ နှစ်နိုင်ငံ ဆက်ဆံရေးအပေါ် နိုင်ငံရေးလေ့လာသူတွေရဲ့ သုံးသပ်ချက်တွေကို RFA အဖွဲ့သူ မခင်ခင်အိတင်ပြထားပါတယ်။

နောက်ရက်တွေမှာတော့ တရုတ်-မြန်မာအကြား နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးကိစ္စတွေမှာ ပါဝင်ပတ်သက်နေမှုတွေအကြောင်း လေ့လာသူတွေရဲ့အမြင်ကို စုစည်းပြီး တင်ပြသွားဖို့ရှိပါတယ်။