ရာသီဥတုပြောင်းလဲမှုနဲ့ မြန်မာနိုင်ငံ

မြန်မာနိုင်ငံဟာ ရာသီဥတုပြောင်းလဲမှုဒဏ်ကို အဆိုးဆုံး ခံစားရမယ့် နိုင်ငံတွေစာရင်းထဲမှာ ပါဝင်နေကြောင်း မကြာသေးခင်က ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပခဲ့တဲ့ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ကုလသမဂ္ဂ ညီလာခံကနေ ထုတ်ဖော်ကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ရာသီဥတုပြောင်းလဲခြင်း အကျိုးဆက်တွေကို ဘယ်လိုပုံစံနဲ့ ဘယ်လောက်အထိ ခံစားနေရသလဲဆိုတာနဲ့ ပတ်သက်ပြီး ပညာရှင်တွေရဲ့အမြင်တွေကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက စုစည်းတင်ပြထားပါတယ်။