ရွှေပါရမီဖောင်ဒေးရှင်း ပညာသင်ချီးမြှင့်ငွေပေးအပ်ပွဲ
2016.07.26
ရွှေပါရမီ ပညာရေးဖောင်ဒေးရှင်းရဲ့ စတုတ္ထအကြိမ် ပညာသင်ချီးမြှင့်ငွေ ပေး အပ်ပွဲကို ရန်ကုန်မြို့ Novotel ဟိုတယ်မှာ မနေ့က ကျင်းပခဲ့ပါတယ်။ အခမ်းအနားတက်ရောက်လာတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က… တက္ကသိုလ်တွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးပြီး ကျောင်းသားသမဂ္ဂတွေ တရားဝင် ဖွဲ့စည်းခွင့် ရတော့မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။