၂၀၁၈ ခုနှစ် ဇွန်လ ၁ ရက်နေ့က အမျိုးသားလွှတ်တော်မှာ ပြင်ဆင်လိုက်တဲ့ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေကို ထောက်ခံကြိုဆိုကြောင်းနဲ့ အလုပ်သမားအခွင့်အရေးတွေကို အပြည့်အဝရရှိရေးအတွက် လွတ်လပ်သော မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့က ဦးဆောင်ပြီး လူအင်အား တစ်ထောင်ကျော်က ဒီကနေ့ ရန်ကုန်မြို့ သခင်မြပန်းခြံကနေ မဟာဗန္ဓုလပန်းခြံအထိ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့ပြီး မသက်စုအောင် က တင်ပြထားပါတယ်။
