အလဲဗင်းမီဒီယာနဲ့ ရန်ကုန်တိုင်းအစိုးရအကြား ဖြစ်နေတဲ့ပြဿနာကို ဖြေရှင်းပေးဖို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို ဒီနေ့ နှစ်ဖက်လုံးက တရားဝင် တိုင်ကြားခဲ့ပါတယ်။ ဒီကိစ္စကို သတင်းမီဒီယာကောင်စီက ကိုင်တွယ်ဖြေရှင်းပေးနိုင်ဖို့အတွက် ရန်ကုန်တိုင်းအစိုးရက တရားစွဲဆိုထားတဲ့ အမှုကို အမြန်ရုပ်သိမ်းဖို့ လိုအပ်ကြောင်းနဲ့၊ အမှုကိုရုပ်သိမ်းပေးဖို့ ရှိမရှိ အကြောင်းပြန်ပေးဖို့ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌက ပြောခဲ့ပါတယ်။
RFA သတင်းထောက် ကိုကျော်လွင်ဦးနဲ့ ကိုထက်အာကာ စုစည်းပေးပို့ထားတာကို ကိုကျော်လွင်ဦးက တင်ပြထားပါတယ်။ါတယ်။