အလဲဗင်းမီဒီယာ အယ်ဒီတာချုပ်အပါအဝင် သတင်းသမားသုံးဦးကို ရန်ကုန်တိုင်းအစိုးရက နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅ဝ၅ (ခ) နဲ့ တရားစွဲဆို ဖမ်းဆီးလိုက်ပါတယ်။ မနေ့ည ၇ နာရီလောက် ကလည်း တာမွေရဲတပ်ဖွဲ့က အလဲဗင်းမီဒီယာရုံးခန်းကို ဝင်ရောက်ပြီး သတင်းသမားတွေကို ဖမ်းဆီးဖို့ ကြိုးစားခဲ့ပါတယ်။
အစိုးရရဲ့လုပ်ဆောင်ချက်အပေါ် သတင်းမီဒီယာသမားတွေရဲ့အမြင်ကို RFA သတင်းထောက် ကိုကျော်ဇောဝင်းက စုစည်း တင်ပြထားပါတယ်။