လွှတ်တော်မှာ ကိုယ်စားပြုနေတဲ့ တိုင်းရင်းသားပါတီ ၉ ပါတီက ကိုယ်စားလှယ်တွေဟာ သြဂုတ်လ ၃၁ ရက်နေ့မှာ စတင်ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံမှာ တက်ရောက်ခွင့်ရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်စားလှယ်အရေအတွက် ဘယ်လောက်ရမလဲ ဆိုတာကိုတော့ မသိရသေးဘူးလို့ မနေ့ညက နေပြည်တော် စည်ပင်ရိပ်သာမှာ ကျင်းပတဲ့ ဆွေးနွေးပွဲအပြီးမှာ တိုင်းရင်းသားပါတီတွေက ပြောပါတယ်။ RFA သတင်းထောက် ကိုဝင်းကိုကိုလတ်က တင်ပြထားပါတယ်။
