မန္တလေးမှာ ပစ်သတ်ခံရတဲ့ မောင်ထွန်းထွန်းအောင် (၁၅ နှစ်) နာရေး

2021.03.22

မန္တ​လေးမြို့၊ ချမ်းမြသာစည်ရပ်ကွက်မှာ အ​မေဖြစ်သူအတွက် ​သောက်​ရေခပ်​ပေးဖို့ အိမ်အပြင်အထွက်မှာ အသက် ၁၅ နှစ်အရွယ် ​မောင်ထွန်းထွန်း​အောင် ​သေနတ်ကျည်ဆန် ထိမှန်​သေဆုံးခဲ့ပါတယ်။

​မောင်ထွန်းထွန်း​အောင်တို့ မိသားစုဟာ ဖခင်မရှိပါဘူး။ မိခင်ဖြစ်သူနဲ့ ညီအစ်ကို ၃ ​ယောက်တို့ စု​ပေါင်းပြီး ချမ်းမြသာစည်မြို့နယ် ၅၁ လမ်း ၁၁၇ B လမ်းက ကျူးကျော်တဲမှာ ​အလှူရှင် လှူဒါန်း​ပေးထားတဲ့ ကျူး​ကျော်တဲမှာ နေထိုင်ကြသူ​တွေပါ။

​၈တန်း တက်​နေသူဖြစ်ပြီး ​ကျောင်းပိတ်ရက်မှာ ​ကျောက်​သွေးလုပ်ငန်း လုပ်ကိုင်ပြီး မိသားစုကို လုပ်ကိုင်​ကျွေး​နေတဲ့ ကလေးငယ် တစ်​ယောက်လည်း ဖြစ်ပါတယ်။

ချမ်းမြသာစည်မြို့နယ်အတွင်းက ​အောင်သာယာ၊​ အောင်ပင်လယ်၊ သင်ပန်းကုန်းနဲ့ မြရည်နန္ဒာ ရပ်ကွက်အတွင်းကို မ​နေ့မနက်က စတင်ပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့​တွေက ပစ်ခတ်​နေပြီး ဒီက​နေ့ တစ်ရက်ထဲမှာ ​သေဆုံးသူ ၄ ​ယောက် ရှိသွားပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။