၁၉၈၂ ခုနှစ်ကနေ စတင်ဖွဲ့စည်းခဲ့တဲ့ ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့ချုပ်အမည်ဟာ ဘာသာရေးဆိုင်ရာ အဖွဲ့ဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးအမျိုးသားဗဟိုအဖွဲ့ကို အသစ်ထပ်မံဖွဲ့စည်းပြီး လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေမှာ အစိုးရနဲ့ပိုမိုချိတ်ဆက် ဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ အဖွဲ့ချုပ်တာဝန်ရှိသူတွေက ပြောပါတယ်။
ပြင်ဦးလွင်မြို့မှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးဟိန္ဒူ ဓမ္မအဖွဲ့ချုပ်ရဲ့ ၁၉ကြိမ်မြောက် ဓမ္မညီလာခံ အကြောင်း RFA သတင်းထောက် ကိုကံသာ က တင်ပြထားပါတယ်။
