ရန်ကုန်တိုင်း မှော်ဘီမြို့နယ် ဘန့်ဘွေးကုန်း ကျေးရွာအုပ်စု ဘုရားလမ်းကျေးရွာမှာ တည်ဆောက်ထားတဲ့ HONG YUAN ဟုမ်ရွမ် အထည်ချုပ်စက်ရုံကြောင့် ဒေသခံတွေ အခက်အခဲဖြစ်နေတာကို ဖြေရှင်းပေးဖို့ ကျေးရွာသူ ကျေးရွာသားတွေက စက်ရုံရှေ့မှာ ဒီနေ့ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်း တင်ပြထားပါတယ်။
