ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် စဉ့်ငူရပ်ကွက်အတွင်းက အိမ်ခြေ ၃ ရာကျော်ကို ကျူးကျော်နေအိမ်တွေအဖြစ် သတ်မှတ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက မနေ့ညက လိုက်လံအသိပေးခဲ့ ပါတယ်။ ကျူးကျော်အဖြစ် သတ်မှတ်ခံရတဲ့ နေအိမ်တွေထဲမှာ ၁၉၉ဝ ပြည့်လွန်နှစ်တွေ ကတည်းက အခြေချ နေထိုင်လာသူတွေ ပါသလို၊ ပြီးခဲ့တဲ့နှစ်တွေကမှ ကျပ်သိန်းရာချီပေးပြီး ဝယ်ခဲ့ကြသူတွေလည်း ရှိနေပါတယ်။
RFA သတင်းထောက် မဝေမာထွန်းက စုစည်းတင်ပြထားပါတယ်။