၂၁ ရာစု ပင်လုံညီလာခံမှာ ချင်းတိုင်းရင်းသားတွေရဲ့အသံကို တစုတစည်း တည်း တင်ပြနိုင်ဖို့အတွက် ချင်းအရပ်ဘက် လူမှုအဖွဲ့အစည်းတွေ ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းက New Ayer ဟိုတယ်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။
ဒီဆွေးနွေးပွဲကို ဦးဆောင်သူတဦးဖြစ်တဲ့ ဆလိုင်းကျုံးလျန်ထောင်းကို RFA သတင်းထောက် ကိုကျော်သူက တွေ့ဆုံမေးမြန်းထားပါတယ်။
