၂၁ ရာစု ပင်လုံညီလာခံ ဒုတိယနေ့မှာ အနာဂတ် ဖက်ဒရယ်မူနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ တိုင်းရင်းသားပါတီတွေ ဆွေးနွေးခဲ့ကြရာမှာ ကွာဟမှုတွေ တွေ့ရှိရပါတယ်။ ပြည်နယ်တွေကို အာဏာပိုထားမယ်လို့ ဆွေးနွေးခဲ့တဲ့ ရခိုင်အမျိုးသားပါတီက ဒေါက်တာအေးမောင်ကို RFA သတင်းထောက် ကိုမျိုးသန့်ခိုင်က မေးမြန်းထားပါတယ်။
