ကချင်ပြည်နယ် ဆော့လော်မြို့နယ်က ရေဘေး


2016.08.24

ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်အတွင်းက နာဗေဖုံ၊ လာကင်၊ တထုံကျင် ... စတဲ့ ကျေးရွာပေါင်း ၂ဝ လောက်မှာ ဧပြီလက စပြီး ရေဘေးဒဏ် ခံစားနေကြရပါတယ်။ အဲ့ဒီထဲက ဒေသခံ ၂ ရာကျော်ဟာ တရုတ်-မြန်မာ နယ်စပ်၊ ချီဖွေမြို့နယ် ကန်းဖန့်ကျေးရွာက လီဆူ- စာပေနဲ့ယဉ်ကျေး မှု ကော်မတီရုံးမှာ ယာယီရွှေ့ပြောင်းခိုလှုံနေရပြီး ရိက္ခာဆန် တပတ်စာပဲ ကျန်တော့တဲ့အတွက် စားသောက်ရေး အခက်အခဲ ဖြစ်နေပါ တယ်။ ရေဘေးဒဏ်ခံနေရသူတွေကို အကူအညီပေးနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး လီဆူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအားတီယောဟန် ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း က တွေ့ဆုံမေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။