ဘူးသီးတောင်လက်ထောက်ပညာရေးမှူးနဲ့ ဆက်သွယ်မေးမြန်းချက်

နယ်ခြားစောင့် ကင်းစခန်းတွေ အကြမ်းဖက်တိုက်ခိုက် ခံရပြီးနောက် ဒေသတွင်းက စာသင်ကျောင်း ၄ ရာနီးပါးကို ပိတ်ထားရပါတယ်။ ဒါပေမယ့် မောင်တော မြို့နယ် ထဲက ဆရာဆရာမတချို့ နေရပ် မပြန်နိုင်ကြသေးဘူးလို့ ဘူးသီးတောင်မြို့နယ် လက်ထောက်ပညာရေးမှူး ဦးတင်အောင်မိုးက ပြောပါတယ်။ ဦးတင်အောင်မိုးကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ် မေးမြန်းထားပါတယ်။