စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ပြည်သူ့လွှတ်တော်ထံ တင်သွင်းလိုက်တဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို လက်ရှိကျင်းပတဲ့ လွှတ်တော် အစည်းအဝေးကာလမှာ အတည်ပြုသွားနိုင်မှာ ဖြစ်တယ်လို့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဒု-ဥက္ကဋ္ဌ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်က ပြောပါတယ်။ ဦးကိုကိုနိုင်ကို RFA သတင်းထောက် ကိုမျိုးသန့်ခိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။
