ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်စခန်းတွေ မှာ မကြာခင် ရိက္ခာပြတ်တောက်တော့မယ့် အခြေအနေ ရောက်နေတယ်လို့ ဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။ လာမယ့် ဒီဇင်ဘာလ အထိသာ ရိက္ခာထောက်ပံနိုင်မှာဖြစ်ပြီး၊ ၂ဝ၁၇ ခုနှစ်အတွက် နိုင်ငံတကာ အလှူရှင်တွေက ရိက္ခာ ထောက်ပံ့ဖို့ ကမ်းလှမ်းတာ မရှိသေးဘူးလို့ ဆိုပါ တယ်။ ဒုက္ခသည်တွေကို ကူညီထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ ငြိမ်းဖောင်ဒေးရှင်းက စီမံကိန်းမန်နေဂျာ ဦးဂွန်းမိုင်ကို RFA သတင်းထောက် ကိုသီဟထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။
