ကယားပြည်နယ် လွိုင်ကော်မြို့က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ဖယ်ရှားပေးရေးအတွက် ဆန္ဒပြ တောင်းဆိုတဲ့ဒေသခံတွေကို ရဲတပ်ဖွဲ့က ရာဘာကျည်တွေနဲ့ ပစ်ခတ်လူစုခွဲတဲ့အတွက် ဆန္ဒပြသူ ၂၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုကို RFA သတင်းထောက် ကိုသီဟထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။
