ဗုဒ္ဓအဆုံးအမနဲ့သွေဖီနေတဲ့ ကျား-မ ခွဲခြားဆက်ဆံမှု

မြန်မာနိုင်ငံက ဗုဒ္ဓဘာသာလောကမှာ အမျိုးသမီး၊ အမျိုးသားခွဲခြားဆက်ဆံမှုတွေရှိနေ ပြီး ဒါဟာ ဗုဒ္ဓအဆုံးအမနဲ့ သွေဖီနေတဲ့ယဉ်ကျေးမှုတွေပဲလို့ သီလရှင် ဒေါ်ကေတုမာလာ က ပြောပါတယ်။ ပြည်ပနိုင်ငံတွေမှာ ဗုဒ္ဓဘာသာလူငယ်အစည်းအဝေးတွေကို တာဝန်ခံ ကျင်းပပေးနေတဲ့ ဒေါ်ကေတုမာလာကို RFA က ကိုကျော်အောင်လွင် တွေ့ဆုံမေးမြန်းထားပါတယ်။