အမျိုးသားလွှတ်တော်ဥက္ကဌဟောင်း ဦးခင်အောင်မြင့်ရဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေအတွက် စာမတတ်သူပပျောက်ရေး၊ အဆင့်မြင့်ပညာတွေသင်ကြားနိုင်ရေးနဲ့ တိုင်းရင်းသားစာပေ ထွန်းကားရေးတို့ကို အထူးစီမံကိန်းချမှတ် ဆောင်ရွက်ဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်းအဆိုကို ဒီကနေ့ အမျိုးသားလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ ကန့်ကွက်သူများတဲ့အတွက် အဆိုရှုံးနိမ့်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုဝင်းကိုကိုလတ် က ပေးပို့ပြီး မဝေယံမိုးမြင့် က တင်ပြထားပါတယ်။
