ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ယိုးချောင်းအထက်ပိုင်း ကျေးရွာတွေက ဒေသခံတွေဟာ အခုရက်ပိုင်းတွေမှာ အောက်ဘက်ပိုင်းကျေးရွာတွေကို အလုံးအရင်းနဲ့ ထွက်ပြေး တိမ်းရှောင်လာကြပါတယ်။
သူတို့ဘာကြောင့် အခုလိုထွက်ပြေးလာကြသလဲ ဆိုတာကို ကျောက်တော်မြို့နယ် စစ်ဘေးဒုက္ခသည်စခန်း ကနေ RFA သတင်းထောက် ကိုမင်းသိန်းအောင် သတင်းပေးပို့ထားပါတယ်။