ရေးမြို့နယ်က ကဗျာဝကမ်းခြေ

တစ်ချိန်က နယ်မြေမအေးချမ်းခဲ့တဲ့ မွန်ပြည်နယ် ရေးမြို့နယ်က ကဗျာဝကမ်းခြေဟာ အခုဆိုရင် ပြည်တွင်းခရီးသွားဧည့်သည်တွေ လည်ပတ်တဲ့နေရာ တစ်ခုဖြစ်လာနေပါပြီ။ ကမ်းခြေဟာ အရိုင်းဆန်စွာ ရှိနေသေးပေမယ့် ကမ်းခြေတဝိုက်မှာရှိတဲ့ မြေဈေးနှုန်းတွေ အဆမတန်မြင့်တက်လာနေပါတယ်။ RFA သတင်းထောက် မဝေယံမိုးမြင့် က တင်ပြထားပါတယ်။