“လဝန်းထက်သာ” အထည်ချုပ်စက်ရုံ ဆန္ဒပြပွဲ

လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန်မှာရှိတဲ့ "လဝန်းထက်သာ" အထည်ချုပ်စက်ရုံ အလုပ်သမား ၈ဝ ကျော်ဟာ အလုပ်ထုတ်နစ်နာကြေး ရရှိဖို့နဲ့ လုပ်သက်လျော်ကြေး အမြန်ဆုံးထုတ်ပေးဖို့ ဇူလိုင်လ ၁၆ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။