ဒေါ်အောင်ဆန်းစုကြည် ရေးတဲ့ ပန်းချီကား

လွန်ခဲ့တဲ့ ၂ဝဝ၉ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ဘဝက ရေးဆွဲခဲ့တဲ့ ပန်းချီကားတချပ်ကို လေလံတင်ရောင်းချပြီး ရရှိလာတဲ့ငွေ ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ ပရဟိတ လုပ်ငန်းတွေမှာ သုံးစွဲဖို့ စီစဉ်နေပါတယ်။ ပန်းချီကား လေလံပွဲကို ဦးဆောင်စီစဉ်တဲ့ Dream Boat Entertainment က ကိုမောင်မောင်အေးကို RFA သတင်းထောက် ကိုကျော်စိုးလင်းက တွေ့ဆုံမေးမြန်းထားပါတယ်။