မန္တလေးမြို့ ၇၁ လမ်း ၁၁၈ လမ်းမှာ မေ ၁၂ ရက်၊ ဒီနေ့မနက်က စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြနေတဲ့ မဟာမိတ်တပ်ပေါင်းစုသပိတ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်ဝတ်တွေနဲ့ လာရောက်ဖြိုခွင်းခဲ့ပြီး ဖမ်းဆီးခဲ့ပါတယ်။
လတ်တလောမှာတော့ ဖမ်းဆီးခံရသူတွေကို ပြည်ကြီးတံခွန်မြို့နယ် အဆင့်မြင့် ရဲစခန်းနဲ့ နန်းတွင်းထဲကို ပို့ထားတာကြောင့် ရှေ့နေတွေနဲ့ ဆက်သွယ်ပြီး အကူညီပေးနေတယ်လို့ သိရပါတယ်။
