စစ်အာဏာရှင်ဆန့်ကျင်ရေး သွေးမအေးတဲ့ ဆေးသပိတ်

ရန်ကုန်မြို့ လှိုင်မြို့နယ်မှာ ဆေးကျောင်းသား၊ ဆရာဝန်၊ သူနာပြု၊ တိမွေးကု၊ သွားဆရာဝန်၊ ဆေးဝါးပညာရှင်၊ ဆေးဘက်ဆိုင်ရာ နည်းပညာရှင်များ ပါဝင်တဲ့ မြို့နယ်ပေါင်းစုံက ဆေးပညာရှင်အဖွဲ့ရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆေးသပိတ်ဟာ မေလ ၁၄ ရက်နေ့ ဒီကနေ့ မနက်က ချီတက် ဆန္ဒပြကြပါတယ်။