မြန်မာနိုင်ငံတဝှမ်း အကြောင်းအမျိုးမျိုးကြောင့် ပိတ်သိမ်းဖျက်ဆီး ခံခဲ့ရတဲ့ ဗလီ ၆ဝ ကျော်ကို ပြန်ဖွင့်ပေးဖို့ သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ် အပါအဝင် ဌာနဆိုင်ရာတွေကို အစ္စလာမ်ဘာသာသာဝင်တွေက တောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့လတုန်းကပဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သမိုင်းဝင် ဗလီတချို့ကို လှည့်လည်သွားရောက်ပြီး အလှူအတန်းတွေ လုပ်ခဲ့ပါတယ်။
အရင်က မရှိခဲ့ဖူးတဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ “ဗလီခရီးစဉ်” တွေအပြီးမှာ... ပိတ်ထားတဲ့ဗလီတွေပြန်ဖွင့်ပေးဖို့ အစ္စလမ်ဘာသာဝင်တွေဘက်က တောင်းဆိုလာတဲ့အကြောင်း RFA သတင်းထောက် ကိုကျော်လွင်ဦးက တင်ပြထားပါတယ်။
(ရိုက်ကူး/တင်ဆက်- ကျော်လွင်ဦး)