တရုတ်ထောင်မှာကျနေတဲ့ မြန်မာတွေ အကူအညီလိုအပ်

ကံသာ
2020-05-15
Share

တရုတ်နိုင်ငံထဲမှာ တရားမဝင် အလုပ်သွားလုပ်ရင်း အကျဉ်းကျခံနေရတဲ့  မြန်မာနိုင်ငံသားတွေ ထောင်နဲ့ချီရှိနေပြီး တချို့တွေဟာ အကျဉ်းထောင်တွေမှာ ရိုက်နှက်ခံရတာတွေရှိတယ်လို့ တရုတ်အကျဉ်းထောင်တွေကနေ ပြန်လွတ်လာသူတွေက ပြောပါတယ်။

တရုတ်မှာရှိတဲ့ မြန်မာသံရုံးကို ဆက်သွယ်အကူအညီတောင်းတာလည်း အဆင်မပြေတဲ့အတွက် အကျဉ်းထောင်တွေမှာကျန်နေတဲ့ မြန်မာနိုင်ငံသားတွေ ပြန်လွတ်ရေးကို အစိုးရက ကူညီပေးစေချင်တယ်လို့ တရုတ်ထောင်တွေမှာ အကျဉ်းကျခံရပြီး ပြန်လွတ်လာတဲ့ မြန်မာနိုင်ငံသားတွေကပြောပါတယ်။

RFA သတင်းထောက် ကိုကံသာ က သတင်းပေးပို့ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။