ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ စတင်အကောင်အထည်ဖော်ခဲ့တဲ့ စစ်တွေမြို့ဧရိယာ တိုးချဲ့ရေးစီမံကိန်းဟာ ပြည်သူတွေအတွက် ဒီနေ့အထိ တစ်စုံတစ်ရာ ထူးခြားလာတာမရှိသေးဘူးလို့ ဒေသခံတွေက ဝေဖန်ထောက်ပြနေကြပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ကိုမင်းသိန်းအောင် က တင်ပြထားပါတယ်။