ဒီဇင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်တဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုကော်မတီ ဒုတိယအကြိမ် အစည်းအဝေးမှာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြ ပါတယ်။ ရန်ကုန် ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခမ်းမမှာ ပြုလုပ်တဲ့ ဒီဆွေးနွေးပွဲအပြီးမှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။