ကချင်ပြည်နယ်ကို ရောက်ရှိနေတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်ဟာ ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေ နဲ့ ဒီကနေ့မနက်ပိုင်းက တွေ့ဆုံခဲ့ပါတယ်။
ဦးဝင်းထိန်ဟာ နိုဝင်ဘာလ (၂) ရက်နေ့ မနေ့ကလည်း ကချင်ပြည်နယ် NLD ပါတီဝင်တွေနဲ့ မြစ်ကြီးနား မြို့တော်ခန်းမမှာ တွေ့ဆုံခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်မျိုးမင်းက တင်ပြထားပါတယ်။
