ရှမ်းမြောက်ဒေသမှာ တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်းအကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေလျှော့ချနိုင်ရေးအတွက် လက်ရှိမှာ ရှမ်းလက်နက်ကိုင်အဖွဲ့တွေ ဆွေးနွေး အဖြေရှာနေကြပြီး ဒီလို ဆွေးနွေးနေတဲ့ကာလမှာ နှစ်ဖက်တပ်တွေ တိုက်ပွဲတွေမဖြစ်ဖို့ ညွှန်ကြားထားတယ်လို့ ရှမ်းလက်နက်ကိုင်ခေါင်းဆောင်တွေက ပြောပါတယ်။
RFA သတင်းထောက် ကိုကံသာက တင်ပြထားပါတယ်။
