ဆွေးနွေးဖို့ချန်ထားတဲ့ ဥပဒေကြမ်းများ

လက်ရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်မှာ အရေးကြီးဥပဒေတွေဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ် တာဝန်ကနေ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း၊ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဥပဒေကြမ်း အပါအဝင် ဥပဒေကြမ်း ၂၃ ခု ဆွေးနွေးဖို့ ကျန်နေပါတယ်။ ဒီဥပဒေကြမ်းတွေနဲ့ ပတ်သက်ပြီး ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင်တွေကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ်က မေးမြန်းတင်ပြထားပါတယ်။