လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ ဆောင်ရွက်နေတဲ့ကိစ္စတချို့ကို အားမရတဲ့အတွက် ၁၉၉ဝ ပြည့်နှစ်ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့နဲ့ တိုင်းရင်းသားနိုင်ငံရေး ခေါင်းဆောင်တချို့ ဦးဆောင်ပါဝင်မယ့် နိုင်ငံရေးပါတီတစ်ခုကို လာမယ့် သီတင်းပတ်အတွင်း ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်သွားမယ်လို့ ပါတီတည်ထောင်မယ့် ခေါင်းဆောင်တွေက ပြောပါတယ်။
RFA သတင်းထောက် ကိုကျော်လွင်ဦးက စုစည်းတင်ပြထားပါတယ်။
