မြန်မာနိုင်ငံမှာ ၂၀၁၈ ခုနှစ်အတွင်း ကင်ဆာရောဂါဖြစ်ပွားသူ ခုနှစ်သောင်းလောက်ရှိပြီး ငါးသောင်းကျော် သေဆုံးခဲ့ပါတယ်။ ကင်ဆာရောဂါရှင်တွေများလာနေလိုပဲ အသိပညာပေးလုပ်ငန်းတွေ ထိထိရောက်ရောက်လုပ်ပြီး တားဆီးဖို့လိုအပ်နေပြီလို့ လွှတ်တော်မှာ မကြာခင်ကပဲဆုံးဖြတ်ခဲ့ပါတယ်။
ဒါပေမဲ့လည်း ဒီထက်ပိုပြီးထိရောက်အောင် အာဏာပိုင်တွေဘက်က လုပ်ဖို့လိုနေတယ်လို့ ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းနေကြတဲ့ အကြောင်း RFA သတင်းထောက် ကိုသန့်ဇင်ဦးက တင်ပြပါလိမ့်မယ်။
ရိုက်ကူး - သန့်ဇင်ဦး၊ အောင်သိင်္ခ/ RFA
