မြန်မာ့မီးရထားဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှု

အာဏာသိမ်းစစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားကို အံတုတဲ့ CDM လှုပ်ရှားမှုမှာ ဖေဖော်ဝါရီလ ၈ ရက်နေ့က စပြီး မြန်မာ့မီးရထားဝန်ထမ်းတွေ ပါဝင်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ အတွင်းမှာ "မြန်မာ့မီးရထား သပိတ်စစ်ကြောင်း" အဖြစ် နိုင်ငံအနှံ့မှာ စစ်ကောင်စီ အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကောင်စီဟာ မီးရထားခရီးစဉ်တွေ ပုံမှန် ပြန်လည်ပြေးဆွဲနိုင်ဖို့အတွက် မီးရထားဝန်ထမ်းတွေကို နည်းမျိုးစုံနဲ့ ဖိအားပေးခဲ့ပါတယ်။ CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ မီးရထား ဝန်ထမ်းတွေဟာ ဒီလှုပ်ရှားမှုကို မစွန့်လွှတ်ဘဲ ဝန်ထမ်းအိမ်ရာတွေကနေ ထွက်ခွာတဲ့ နည်းလမ်းကိုသာ သတ္တိရှိရှိ ရွေးချယ်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံတဝန်းက မီးရထားဝန်ထမ်း အများစုက CDM လှုပ်ရှားမှုကို အခုအချိန်အထိ ဆက်လက်စွဲကိုင်ထားကြတဲ့အကြောင်း RFA သတင်းထောက် မခင်မိုးညိုက တင်ပြထားပါတယ်။