ရခိုင်ပြည်နယ်ကစစ်ပွဲတွေရပ်ဖို့ အမေရိကန်ရောက် ရခိုင်တိုင်းရင်းသားတွေတောင်းဆို

2019-03-26
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

 

ရခိုင်ပြည်နယ်မှာ အပစ်အခတ်ရပ်စဲဖို့၊ အရပ်သားတွေ သေကြေဒဏ်ရာရနေရတာ ကာကွယ်ဖို့နဲ့ စစ်ပြေးဒုက္ခသည်တွေကို အကူအညီပေးမယ့် နိုင်ငံတကာအဖွဲ့တွေကို ဝင်ခွင့်ပြုဖို့ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်တဲ့ ရခိုင်တိုင်းရင်းသားတွေ ရာနဲ့ချီပြီး ဝါရှင်တန်ဒီစီမြို့က မြန်မာသံရုံး၊ အိမ်ဖြူတော်နဲ့ လွှတ်တော်ရှေ့မှာ မတ်လ ၂၅ ရက်နေ့က မြန်မာအစိုးရကို ဆန္ဒပြတောင်းဆိုကြပါတယ်။

ဒါ့အပြင် မြန်မာ့တပ်မတော်ကို စစ်လက်နက်ပစ္စည်းတွေ မရောင်းဖို့ကိုလည်း နိုင်ငံတကာနဲ့ ကုလသမဂ္ဂကို တောင်းဆိုကြပါတယ်။ မြန်မာသံအမတ်ကြီးကလည်း ဆန္ဒပြခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

RFA ဝိုင်းတော်သား ကိုနေရိန်ကျော်တင်ပြထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့