နမ္မတူမြို့နယ် ပန်လုံကျေးရွာတဝိုက်မှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နဲ့ TNLA တအာန်းပလောင် လွတ်မြောက်ရေးအဖွဲ့ အကြားမှာ ဒီဇင်ဘာလ (၂၂) ရက်နေ့ ဒီကနေ့မနက်အထိ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေသလို သီပေါမြို့ပေါ်မှာလည်း ဒုက္ခသည်တွေ ထပ်တိုးလာနေပါတယ်။ လတ်တလော သီပေါမြို့မှာ ဒုက္ခသည်ဦးရေ တထောင့် ၇ ရာလောက်အထိ ရှိနေပါတယ်။ RFA သတင်းထောက်ကိုကံသာက သီပေါမြို့ကနေ သတင်းပေးပို့ထားပါတယ်။
