ရခိုင်ပြည်နယ်မှာ ရေလွှမ်းမိုးခဲ့တဲ့ မြောက်ဦးနဲ့ ကျောက်တော်မြို့နယ်တွေက လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ကျေးရွာတွေမှာ သောက်သုံးရေ အခက်အခဲဖြစ်နေသလို စားနပ်ရိက္ခာနဲ့ ကျန်းမာရေး စောင့်ရှောက်မှု အကူအညီတွေ အရေးပေါ် လိုအပ်နေပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
