ပုဇွန်တောင်ချောင်းမှာအမှိုက်ဆယ်ရင်း အသက်မွေးသူများ

မနက်အရုဏ်တက်ပြီး အလင်းရောင်လာတာနဲ့ မယုတို့ ညီအစ်မနှစ်ယောက် ဝမ်းရေးဖြေရှင်းဖို့ ပုဇွန်တောင်ချောင်းထဲမှာ လှုပ်ရှားရုန်းကန်နေပါပြီ။

ရေဆိုးရေညစ်တွေကြားမှာ ခနော်ခနဲ့ ဖော့လှေကလေးတစ်စီးကို လှော်ခတ်ရင်း ဘူးခွံ၊ ပလုံးခွံတွေ ကောက်ရောင်းပြီး အသက်မွေးရတာပါ။

စစ်တပ်အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် သူတို့ညီအစ်မတွေ ကြံရာမရဘဲ ရရာအလုပ်ကို လုပ်နေကြရတာဖြစ်ပါတယ်။

"အလုပ်ကလည်းမရှိဘူးလေ၊ ဘာလုပ်လို့ လုပ်ရမှန်းလည်း မသိဘူး။ ကလေးတွေ စားဝတ်နေရေးနဲ့ ယောက်ျားလုပ်တဲ့သူကလည်း ကျန်းမာရေး မကောင်းတော့ လုပ်ကိုင်မကျွေးနိုင်ဘူး။ ကိုယ်ပဲဦးဆောင်မယ် ဆိုပြီး ဖော့လေးနှစ်ချပ် သူများဆီက သွားငှါးရင်း ညီအမနှစ်ယောက် ချောင်းထဲဆင်းတာ၊ ငွေနည်းနည်းပါးပါး ရလာတော့ ပျော်တယ်"

"ပစ္စည်းကတော့ ရောင်းလို့ရတာ အကုန်ကောက်တယ်။ ရေသန့်ဗူးလေးတွေတော့ အရဆုံးပဲ။ လိုချင်တာကတော့ သံဘူးတို့ ဘီယာဘူးတို့၊ သူတို့ကျတော့ ဈေးကောင်းတယ်ပေါ့"

မယုတို့လို ပလုံကောက်သူတွေဟာ ရေတက် ရေကျကိုကြည့်ပြီး အလုပ်လုပ်ရပါတယ်။

000_338M468.jpg
This photo taken on January 14, 2023 shows waste collectors paddling polystyrene boats as they look for plastic and glass to recycle in Pazundaung Creek in Yangon. - Dozens of Myanmar waste collectors are taking to the murky waters of a Yangon creek after being driven to find work by a post-coup economic crisis. (Photo by Sai Aung MAIN / AFP) / To go with 'MYANMAR-ENVIRONMENT-POLLUTION-WATER, PHOTOESSAY' (SAI AUNG MAIN/AFP)



ရေကျချိန်မှာ ချောင်းရိုးအတိုင်းဆင်း အမှိုက်တွေစုရပြီးတော့ ရေဆန်ဆိုရင်တော့ ကုန်းပေါ် ပြန်တက်ရပါတယ်။ မြစ်ထဲမှာ ပလုံကောက်ရင်း တစ်ခါတစ်ရံ အကောင်ပလောင်တွေ၊ လူသေအလောင်းတွေ မျောပါလာတာကိုလည်း တွေ့ရတယ်လို့ ပြောကြပါတယ်။

မယုရဲ့အစ်မဖြစ်သူ မကြူကြူခိုင်ကတော့ အကြွေးတွေပိ စီးပွားရေး အဆင်မပြေလို့သာ ဒီအလုပ်ကို လုပ်နေရတာလို့ ဆိုပါတယ်။

"လုပ်တာတော့ စိတ်ကုန်နေပြီ၊ ဒီလုပ်ငန်းကို။ သန့်သန့်ရှင်းရှင်းလည်း မနေရဘူးလေ။ ရေထဲမှာ နံနံစော်စော်နဲ့ တစ်ကိုယ်လုံးလည်း ညစ်ပတ်နေရော၊ အကြွေးကျေတယ်၊ ဈေးရောင်းနိုင်မယ်ဆိုရင်တော့ ဒီလုပ်ငန်းမလုပ်ချင်ဘူး။ အကြွေးကျေရင်တော့ ဒီလုပ်ငန်းမလုပ်တော့ဘူး"

000_338M44Y.jpg
This photo taken on January 14, 2023 shows a young waste collector paddling a polystyrene boat as they look for plastic and glass to recycle in Pazundaung Creek in Yangon. - Dozens of Myanmar waste collectors are taking to the murky waters of a Yangon creek after being driven to find work by a post-coup economic crisis. (Photo by Sai Aung MAIN / AFP) / To go with 'MYANMAR-ENVIRONMENT-POLLUTION-WATER, PHOTOESSAY' (SAI AUNG MAIN/AFP)



မယုတို့ ညီအစ်မလိုပဲ အဲဒီချောင်းထဲကနေ ပလုံကောက်ရင်း စီးပွားရှာတဲ့သူ ဆယ်ယောက်လောက် ရှိပါတယ်။ သူတို့ရဲ့တစ်နေ့ဝင်ငွေဟာ ကိုးထောင်လောက် ပုံမှန်ရှိပြီး၊ ပလုံများများ ကောက်လို့ရတဲ့နေ့ဆို သုံးသောင်းလောက်အထိ ရပါတယ်။

သူတို့အဖွဲ့တွေလာရင် "စည်ပင်တွေ လာပြီ" ဆိုပြီး လူတချို့က လှောင်ပြောင်တာကိုလည်း တစ်ခါတရံ ခံရပြန်ပါတယ်။

ဟင်းသီးဟင်းရွက်တွေရောင်းရင်း အလုပ်အဆင်မပြေလို့ ပလုံလာကောက်တဲ့ မငယ်ကတော့… "ဒီလုပ်ငန်းလုပ်တဲ့အတွက် ညီအစ်ကိုမောင်နှမကို အသိမပေးချင်ဘူး။ အခုသိသွားလို့ လှမ်းပြောတော့လည်း တစ်ဦးတစ်ယောက်တည်း လုပ်တာမဟုတ်ဘူး၊ သူများပစ္စည်းခိုးတာ မဟုတ်ဘူး"

ပလုံကောက်တဲ့သူတွေကတော့ ဒီအလုပ်ဟာ ဝမ်းလည်းဝသလို မြစ်ကြောင်းသန့်ရှင်းရေးအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အထောက်အကူပြုတယ်လို့ ယူဆထားကြပါတယ်။