စမ်းချောင်းမှာ လူနေအိမ်တွေကိုပစ်ခတ်ပြီး ကားတွေကို ရိုက်ခွဲနေ
2021.03.31
အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့အနေနဲ့ နေအိမ်တွေကနေ သံပုံးတီး ဆန္ဒပြနေကြတဲ့ ပြည်သူတွေကို စမ်းချောင်းမြို့နယ် ဗဟိုလမ်းမပေါ် အ.ထ.က ၄ စာသင်ကျောင်းတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီညပိုင်း သေနတ်၊ လေးခွ၊ ခဲတွေနဲ့ထုပြီး အော်ဟစ်ဆဲဆိုခဲ့ကြတဲ့ မြင်ကွင်းဖြစ်ပါတယ်။
ပန်းတနော်လမ်းထိပ်မှာ ရပ်ထားတဲ့ ကားတစ်စီးကိုလည်း ရိုက်ခွဲသွားတဲ့အပြင် ဖျာပုံလမ်းအပါအဝင် အနီးအနား လမ်းကြားတွေထဲက ရပ်ထားတဲ့ကားတွေကိုပါ လိုက်လံရိုက်ခွဲတာ ခဲနဲ့ထုတာတွေ လုပ်ဆောင်နေတယ်လို့လည်း အနီးအနားဝန်းကျင်က သူတွေက RFA ကို ပြောပါတယ်။
လက်ရှိအချိန်ထိ စမ်းချောင်းမြို့နယ်ထဲက စာသင်ကျောင်းတွေမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားပါတယ်။