ပန်ဆန်းရောက် RFA သတင်းထောက်တွေနဲ့ ဆက်သွယ်မေးမြန်းချက်


2019.04.19

 

ပန်ဆန်းမြို့မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေး နှစ် ၃ဝ ပြည့်ပွဲတော်မှာ စစ်ရေးပြပွဲတွေ ပါဝင်သလို၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အတော်များများ တက်ရောက်ခဲ့ကြတာလည်း တွေ့ရပါတယ်။ ဝ,အထူးဒေသဟာ အစိုးရရဲ့ တိုက်ရိုက်အုပ်ချုပ်မှုအောက်မှာ မရှိဘဲ၊ "ဝပြည်နယ်-ပြည်သူ့အစိုးရ" ဆိုပြီး သီးခြားဥပဒေနဲ့ အုပ်ချုပ်တဲ့ဒေသ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ တခြားဒေသက ပြည်သူတွေ အရောက်အပေါက်နည်းတဲ့ ဝ,အထူးဒေသပန်ဆန်းမြို့မှာ ငြိမ်းချမ်းရေး နှစ် ၃ဝ ပြည့်ပွဲတော်ကို ဘယ်လို ကျင်းပခဲ့ကြသလဲဆိုတာကို သိရဖို့အတွက် ပန်ဆန်းမြို့မှာ ရောက်နေတဲ့ RFA သတင်းထောက် ကိုကံသာနဲ့ ကိုသီဟထွန်းကို ဝါရှင်တန်ဒီစီရုံးချုပ်ကနေ Skype ဗီဒီယိုကတဆင့် RFA ဝိုင်းတော်သူ မနန္ဒာချမ်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။