အစိုးရတပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA အကြား အပစ်အခတ်ရပ်စဲရေးအတွက် နှစ်ဘက်ကိုယ်စားလှယ်တွေ နေပြည်တော်မှာ ဒီဇင်ဘာလ ၇ ရက်နေ့မှာ ဆွေးနွေးကြမယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲမှာ နှစ်ဖက်တပ်တွေ နေရာချထားရေးကို အဓိကထားဆွေးနွေးကြမှာ ဖြစ်ပါတယ်။ RFA သတင်းထောက် မခင်ပြည့်စုံက တင်ပြပေးမှာပါ။